နေပြည်တော်၊ ဧပြီ ၁၄  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၃ ရက် ည ၈ နာရီခွဲတွင် မင်္ဂလာဒုံမြို့နယ်၊ ချစ်တီးကုန်းရပ်ကွက်၊ အောင်မင်္ဂလာအဝေးပြေး ယာဉ်ရပ်နားစခန်းဝင်းတွင် ဇော်ရဲနိုင်ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၁,၉၄၀ ပြား၊ ကတ်တမင်း သုည ဒသမ ၀၀၈ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သည်။

ထို့ပြင် ယင်းနေ့ နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သီပေါမြို့နယ်၊ စံဖိတ်ကျေးရွာအုပ်စု၊ စံဖိတ်ကျေးရွာအနီး၊ လားရှိုး- မန္တလေးသွား ပြည်ထောင်စု ကားလမ်းတွင် AD VAN အမျိုးအစား ခရီးသည်တင် မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၁ ဒသမ ၁ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား