ရန်ကုန် ၂၆ ဇွန်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဖို့မြေရပ်ကွက် (၁၀၁)လမ်း တောင်ဘက်အား ထပ်ပိုးကတ္တရာခင်းခြင်းလုပ်ငန်း များကို တိုင်းဒေသကြီးလွှတ်တော်ရံပုံငွေဖြင့် ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ လမ်းနှင့် တံတားဦးစီးဌာန မှ စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် (၁၀၁)လမ်း တောင်ဘက်အပိုင်း၏ အရှည် (၁၀၂၄) ပေ ၊ အကျယ် (၁၈) ပေလမ်း တစ်လျှောက် ထပ်ပိုးကတ္တရာ (၂)လက်မထုအား ခင်းခြင်းဆောင်ရွက်ခဲ့ကြသည်။ “အဆိုပါ လမ်းမှာ နေထိုင်သူ ဦးရေ (၁၈၀ဝ) ကျော်ရှိသည့်အတွက် ထပ်ပိုးကတ္တရာခင်းပြီးနောက်ပိုင်း လမ်းကောင်းမွန်သွားပါက ပြည်သူများ သွားလာရေးအတွက် ပိုမိုအဆင်ပြေသွားမှာပါ ” ဟု ဖို့မြေရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းထွန်းက ပြောကြားခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)


