ရန်ကုန် ဧပြီ ၁၄

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်အတွင်း မဟာသင်္ကြန် အကျနေ့တွင် ရေကစားခြင်းနှင့် စတုဒိသာ အာဟာရ ကျွေးမွေးခြင်းများကို မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူ လမ်းထောင့်နှင့် ကန်တော်ကြီးပတ်လမ်းမကြီးရှိ ခရိုင်ဗဟိုမဏ္ဍပ်နှင့် ခရိုင်စတုဒိသာမဏ္ဍပ်တို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြန်မာ့ရိုးရာ အစဉ်အလာမပျက် သပြေခက်များ၊ ပြည်သူများအား အမွှေးနံ့သာတို့ဖြင့် ပက်ဖျန်း၍ ဆုမွန်ကောင်း တောင်းပေးကြသည်။

ယင်းနောက် ခရိုင်ဗဟိုမဏ္ဍပ်တွင် ဗိုလ်တထောင်မြို့နယ် ယိမ်းအဖွဲ့နှင့် တောင်ဥက္ကလာပမြို့နယ် ယိမ်းအဖွဲ့များက ကပြဖျော်ဖြေသည်။ ထို့ပြင် မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများက မဟာသင်္ကြန် စတုဒိသာ ရေကစားမဏ္ဍပ်၌ စတုဒိသာကျွေးမွေးလှူဒါန်းခြင်း၊ ရေသဘင်ပွဲလာရောက် ပါဝင်ဆင်နွှဲကြသူ ပြည်သူများအား မြန်မာ့သနပ်ခါး လိမ်းခြယ်ပေးခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အောင်​ကျော်(ပြန်/ဆက်)