ရန်ကုန် သြဂုတ် ၆
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း ပြည်သူများ စားဝတ်နေရေးပြေလည်စေရန် ရည်ရွယ်၍ ၁၂၂ လမ်း သာရေးနာရေးကူညီမှုအသင်းနှင့် အလှူရှင်များ ပူးပေါင်း၍ ၁၂၂)လမ်းအတွင်းရှိ အခြေခံအိမ်ထောင်စုများအား စားသောက်ကုန်များ လှူဒါန်းခြင်းကို ဩဂုတ် ၅ ရက်က အဆိုပါအသင်းရုံးရှေ့၌ လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းရာတွင် အိမ်ထောင်စု ၁၆၁ စုကို အိမ်ထောင်စု တစ်စုလျှင် ဆန် သုံးပြည်၊ ဆီ တစ်ဘူး၊ ကြက်ဥ ၁၀ လုံး၊ ကြက်သွန်၊ ခေါက်ဆွဲခြောက်၊ အာလူး၊ ပဲနှင့် ခေါက်ဆွဲကြော်တို့အပြင် နှာခေါင်းစည်း Mask များအပါအဝင် ငွေကျပ် ၁၇ သိန်းဖိုး လှူဒါန်းခဲ့ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)


