ရန်ကုန် ၂၂ သြဂုတ် 


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းပြုစုခြင်း ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူက အဖွင့်အမှာစကား ပြောကြားပြီး ရန်ကုန်အရှေ့ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒေါ်မြမြအောင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းဇော်တို့က အမှာစကားများ အသီးသီး ပြောကြားခဲ့သည်။ သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးစီးအရာရှိ ဒေါ်နှင်းပြည့်ပြည့်မွန်က လူဦးရေစာရင်းနှင့် မဲစာရင်းပြုစုခြင်းအကြောင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဒေါ်မာမာဝေက မဲစာရင်းပြုစုရာတွင် ဆောင်ရွက်ရမည့် အချက်မျာအကြောင်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းဇော်က ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်းအကြောင်းတို့ကို ပို့ချသွားမည်ဖြစ်သည်။


အဆိုပါ ဆင့်ပွားသင်တန်းသို့ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် သင်တန်းသားဦးရေ (၁၂၁)ဦး တက်ရောက်မှာဖြစ်ပြီး သင်တန်းကို ၂၂ ရက်နှင့် ၂၃ ရက် (၂)ရက်ခွဲ၍ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


ဒေါ်ချစ်စုဝေ(ပြန်/ဆက်)