ရန်ကုန်    ၁     ဇူလိုင်

 

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ သပြေကုန်းရပ်ကွက်တွင် မွေးစမှ အသက်တစ်နှစ်ခွဲ ကလေးများအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းလုပ်ငန်းများအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှ တာဝန်ရှိသူများက ယနေ့နံနက် ၉ နာရီမှစတင်ကာ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် သပြေကုန်းရပ်ကွက်အတွင်းရှိ မွေးစမှ အသက်တစ်နှစ်ခွဲကလေးငယ်  ၅၀ တို့ အား နံနက် ၉ နာရီ မှ ညနေ ၄ နာရီထိ ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းများကို  မြို့နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်သီတာ နှင့်အဖွဲ့ဝင်များက ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက်လည်း ကာကွယ်ဆေးလာရောက်ထိုးနှံသူ မိဘများနှင့် ကလေးငယ်များကို Mask များတပ်ဆင်လာစေရေး၊ စုရပ်အတွင်း Social Distancing ဖြင့် လူစုလူဝေးမဖြစ်ပေါ်စေရေးတို့အတွက် စီမံ ဆောင်ရွက်ထားကြောင်းသိရသည်။

 

ချစ်စုဝေ (ပြန်/ဆက်)