မန္တလေး ၂၉ ဒီဇင်ဘာ

“မငြိမ်းချမ်းလို့မဖြစ်ဘူး” ဂီတဖျော်ဖြေပွဲကြီးအား မန္တလေးမြို့တွင် လူငယ် ၅၀၀ ခန့်ဖြင့် ဖျော်ဖြေသွားမည်ဖြစ်ကြောင်း ပွဲကျင်းပရေးတာဝန်ရှိသူ ကိုမင်းသိုက်ထံက သိရသည်။

 

1824

 

အဆိုပါဖျော်ဖြေပွဲကို မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌ ဒီဇင်ဘာ ၄ ရက် လွတ်လပ်ရေးနေ့ ည ၇ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး တယောအော်ဂက်စတာတီးဝိုင်းအဖွဲ့ဖြင့် “မငြိမ်းချမ်းလို့မဖြစ်ဘူး” သီချင်းအား ပါဝင်သီဆို ဖျော်ဖြေကြမည်ဖြစ်သည်။

 

2000

 

“အဓိကကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကို ငြိမ်းချမ်းစေချင်သဘောနဲ့ လုပ်ဆောင်တာဖြစ်ပါတယ်။ ဒီပွဲမှာ မန္တလေးပုံရိပ်နဲ့အညီ မငြိမ်းချမ်းလို့မဖြစ်ဘူးပွဲတွင် ကယားပြည်နယ်နဲ့ လွိုလ်ကော်က လူငယ်တွေပါဝင်ပြီး ဖျော်ဖြေမယ်။ နောက်ပြီး မန္တလေးက တိုင်းရင်းသားတွေလည်းပါမယ်”ဟု ကိုမင်းသိုက်က ပြောသည်။

အဆိုပါ ဖျော်ဖြေပွဲအစီအစဉ်တွင် တေးဂီတစာဆိုကြီးများဖြစ်ကြသော နန်းတော်ရှေ့ဆရာတင်၊ အလင်္ကာကျော်စွာ မြို့မငြိမ်း၊ ဆရာညှာတို့ရေးသားခဲ့သည့် မန္တလေးပုံရိပ်၊ မန္တလေးနိုင်ငံရေးပုံရိပ်၊ မြန်မာ့ပုံရိပ်ပါ တေးသီချင်း ၁၀ ပုဒ်ကို သရုပ်ပြအခန်းကဏ္ဍများ၊ ပြည်တော်ဝင်၊ ပါတော်မူ စသည့်ဂီတသရုပ်ဖော် ကကွက်တေးသီချင်းများဖြင့် ဖျော်ဖြေမည်ဖြစ်သည်။

“မငြိမ်းချမ်းလို့မဖြစ်ဘူး” တယောအော်ဂက်စတာ တေးဂီတဖျော်ဖြေပွဲတွင် ကယားပြည်နယ်မှ ညီနောင်တိုင်းရင်းသားလူငယ်အဖွဲ့မှ တေးရေး သစ်လွင်အောင်(လွိုင်ကော်) ရေးသားပြီး အဆိုတော် နော်ဂူးဂူးသီဆိုထားသည့် “မငြိမ်းချမ်းလို့မဖြစ်ဘူး” ငြိမ်းချမ်းရေးတေးဂီတ သရုပ်ဖော်သီချင်းကို ညီနောင်တိုင်းရင်းသားလူငယ် ၃၀ဝ ကျော်တို့က နိုင်ငံတော်ကြီး ငြိမ်းချမ်းသာယာရေးအတွက် မန္တလေးမြို့ အမျိုးသားကဇာတ်ရုံစင်မြင့်ပေါ်နှင့် ရုံအတွင်းသတ်မှတ်နေရာများမှ တစ်ပြိုင်နက်တည်း သီဆိုတီးမှုတ် ဖျော်ဖြေကြမည်ဖြစ်သည်။

သူရိန်လင်း