အူလန်ဘာတာ ဖေဖော်ဝါရီ ၂၄
မွန်ဂိုလီးယားနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ထိခိုက်ခဲ့သော ခရီးသွားကဏ္ဍကို ပြန်လည်ရှင်သန် လာစေရန်အတွက် လာမည့်မတ်လအတွင်း တောင်ပိုင်းပြည်နယ် အမ်နူဂိုဗီတွင် (၂၄) ကြိမ် မြောက် ကုလားအုတ်ပွဲတော်ကို ကျင်းပမည်ဖြစ် ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးက ဖေဖော်ဝါရီ ၂၃ ရက်တွင် ထုတ်ပြန်သည်။
ကုလားအုတ်တစ်ထောင်ပွဲတော်ကို သဘာဝ ပတ်ဝန်းကျင်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဦးဆောင်၍ ပြည်နယ်မြို့တော် ဒါလန်ဇက်ဂက်၌ မတ် ၅ ရက်မှ ၇ ရက်အထိ ကျင်းပရန် စီစဉ်ထား ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ခရီးသွားလုပ်ငန်းကို မြှင့်တင်ရာတွင် ကုလားအုတ် ယဉ်ကျေးမှုကို နောင်လာနောက်သားမျိုးဆက်များ ထံ ဖြန့်ဝေရန်၊ ဘက်ထရီယန် ကုလားအုတ်မျိုးစိတ် များကို မြှင့်တင်ပေးရန်နှင့် ကုလားအုတ်အရေအတွက် တိုးလာစေရန် ရည်ရွယ်သည့် အဆိုပါပြပွဲတွင် ကုလားအုတ်ပိုလို၊ ကုလားအုတ်ပြိုင်ပွဲ၊ ကုလားအုတ် ချီတက်ပွဲနှင့် ကုလားအုတ်လေလံပွဲတို့ ပါဝင်မည်ဖြစ် သည်။
တောင်ပိုင်းပြည်နယ် အမ်နူဂိုဗီသည် မွန်ဂို လီးယားနိုင်ငံ၏ ပြည်နယ်များအနက် ကုလားအုတ် ကောင်ရေ အများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံးရှိ ကုလားအုတ်ကောင်ရေ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်း ကျော်ရှိကြောင်း တရားဝင်အချက်အလက်များက ဖော်ပြသည်။
ဆင်ဟွာ