မတ် ၁၁

မွန်ဂိုလီးယားနိုင်ငံတွင် ဆောင်းရာသီအအေးပိုမှုကြောင့် တိရစ္ဆာန်အကောင်ရေ ၃၉၂၅၇၃၄  သေဆုံးခဲ့ရာ သေဆုံးမှုမြင့်တက်လာကြောင်း  နိုင်ငံအရေးပေါ်ကော်မရှင် (အက်စ်အီးစီ)က ယနေ့တွင်ပြောကြားသည်။ နိုင်ငံအတွင်းရှိ ပြည်နယ် ၂၁ ခုအနက် နိုင်ငံအရှေ့ပိုင်း ဆာရှ်ဘာတာဒေသတွင် ပြင်းထန်သောရာသီဉတုအအေးဒဏ်ကြောင့် တိရစ္ဆာန်အကောင်ရေ ၁ ဒသမ ၁ သန်းကျော်သေဆုံးခဲ့ရာ ယင်းဒေသတွင်တိရစ္ဆာန်သေဆုံးမှုအများဆုံးဖြစ်သည်ဟု အက်စ်အီးစီက ဆိုသည်။ ယခုနှစ်ဆောင်းရာသီတွင် ခါတိုင်းထက်အအေးပိုခဲ့ပြီး  နယ်မြေ၏ ၈၀ ရာခိုင်နှုန်းနီးပါးတွင် လက်ရှိအချိန်အထိ ဆီးနှင်းများဖုံးလွှမ်းနေသည်ဟု ရာသီဉတုစောင့်ကြည့်ရေးအေဂျင်စီက ပြောကြားသည်။ မွန်ဂိုလီးယားနိုင်ငံတွင် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်း၌ တိရစ္ဆာန်အကောင်ရေ ၆၄ ဒသမ ၇ သန်းအထိရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို