ဇန်နဝါရီ ၁၀

 

မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှုကြောင့် နှစ်ဦးထပ်မံသေဆုံးခဲ့ပြီးနောက် သေဆုံးသူပေါင်း ၂၀၀၁ ဦးအထိ ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင်ပြောကြားသည်။

 

ပြီးခဲ့သည့်ရက်က နိုင်ငံတစ်ဝန်းတွင် ပြည်ပကူးစက်မှု ၁၀ ဦးအပါအဝင် ရောဂါထပ်မံကူးစက်ခံရသူ ၆၄၉ ဦးရှိသဖြင့် ရောဂါကူးစက်ခံရသူပေါင်း ၃၉၆၄၅၆ ဦးအထိ မြင့်တက်လာသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

 

နှစ်သစ်ကူးပွဲတော်များ ဆင်နွှဲခြင်းကြောင်း ရောဂါနေ့စဉ်ကူးစက်သူအရေအတွက် မြင့်မားလာသည်။ 

 

အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ် ပြည်ပကူးစက်မှု ၁၂ ဦးကို ဇန်နဝါရီ ၇ ရက်က ပထမဦးဆုံးတွေ့ရှိခဲ့ကြောင်း အတည်ပြုထားပြီး အိုမီခရွန်ဗိုင်းရပ်စ် ပြည်တွင်းကူးစက်ခံရသူ ငါးဦးကို ယမန်နေ့က တွေ့ရှိခဲ့သည်ဟု ဖော်ပြထားသည်။

 

နိုင်ငံတစ်ဝန်းတွင် နိုင်ငံလူဦးရေ၏ ၆၆ ဒသမ ၆ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်သည်။ အသက် ၁၈ နှစ်အထက် ကိုဗစ်ကာကွယ်ဆေး တတိယအကြိမ် အပိုဆောင်းထိုးနှံမှုခံယူပြီးသူ ၉၃၆၉၀၆ ဦးရှိသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို