မတ် ၉
မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၆၁ ဦး ထပ်မံတွေ့ရှိခဲ့သည်။
နိုင်ငံတစ်ဝန်းတွင် ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၄၆၇၃၆၂ ဦး ရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။
ထိုရောဂါကူးစက်ခံရမှုကြောင့် သေဆုံးသူပေါင်း ၂၁၀၄ ဦးရှိသည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။
နိုင်ငံလူဦးရေ၏ ၆၆ ဒသမ ၈ ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှုခံယူပြီး ဖြစ်သည်။
ကိုဗစ်ရောဂါကာကွယ်ဆေးတတိယအကြိမ် ထိုးနှံမှုခံယူပြီးသူဦးရေ ၁၀၂၆၇၀၀ ရှိသည်။
နိုင်ငံလူဦးရေ ၁၀၇၄၀၀ သည် ကိုဗစ်ကာကွယ်ဆေးစတုတ္ထအကြိမ်ထိုးနှံမှု ခံယူပြီးဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို