မွန်ဂိုလီးယားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ နေ့စဉ်ကူးစက်ဖြစ်ပွားမှု အနည်းဆုံးဖြစ်လာ

ဒီဇင်ဘာ ၆

 

မွန်ဂိုလီးယားနိုင်ငံတွင် လွန်ခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားသူ ၁၃၉ ဦး ထပ်မံတွေ့ရှိခဲ့ရာ ရောဂါကူးစက်မှုစတင်ဖြစ်ပွားခဲ့သည့် မတ်လ ၁၇ ရက်နောက်ပိုင်းတွင် နေ့စဉ်ကူးစက်ဖြစ်ပွားမှုအရေအတွက်အနည်းဆုံး ဖြစ်လာသည်။

 

နိုင်ငံတစ်ဝန်းတွင် ရောဂါကူးစက်ခံရသူပေါင်း ၃၈၄၈၇၀ ရှိသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင်ပြောကြားသည်။

 

လက်ရှိအချိန်တွင် ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် ဆေးရုံတက်ကုသမှုခံယူနေသူ ၄၄၄၉ ဦး ရှိသည်။ နေအိမ်တွင်ကုသမှုခံယူနေသူ ၈၃၂၁ ဦး ရှိသည်။

 

ယနေ့အထိ နိုင်ငံလူဦးရေ၏ ၆၆ ရာခိုင်နှုန်းကျော်သည် ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်သည်။

 

အသက် ၁၈ နှစ်အထက် ၇၄၀၀၄၃ ဦးသည် ကိုဗစ်အားဖြည့်ကာကွယ်ဆေးထိုးနှံမှုခံယူပြီးဖြစ်သည်ဟု ဖော်ပြထားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို