အူလန်ဘာတာ အောက်တိုဘာ၂၈
မွန်ဂိုလီးယားနိုင်ငံတွင် ဂိုဘီကူလန်ဟုခေါ်သည့် တောမြည်းရိုင်း ခန့်မှန်းကောင်ရေ ၉၀၀၀၀ ခန့်အထိ ရှိလာခဲ့ပြီး ကမ္ဘာ့မြည်း ရိုင်းကောင်ရေ၏ ၈၀ ရာခိုင်နှုန်း ခန့်ရှိကြောင်း မွန်ဂိုလီးယား သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာနက အောက်တိုဘာ ၂၈ ရက် တွင် ထုတ်ပြန်သည်။
အဆိုပါ တောမြည်းရိုင်းများ သည် မွန်ဂိုလီးယားနိုင်ငံ ဂိုဘီဒေသတွင် ခန့်မှန်းစတုရန်းကီလို မီတာ ၂၆၂၀၀၀ အကျယ်အဝန်းတွင် ကျက်စားလျက်ရှိကြောင်း ဝန်ကြီးဌာနက ဆိုသည်။
မွန်ဂိုလီးယားတောမြည်းရိုင်းများသည် ကောင်ရေများစွာ တိုးတက်လာသော်လည်း ၎င်းတို့၏ အသားနှင့်ခွာများကို တရားမဝင် အမဲလိုက်ခြင်းအပါအဝင် ခြိမ်းခြောက်မှုများ ဆက်လက်ရင်ဆိုင် နေရသည်။ အဆိုပါစိန်ခေါ်မှုများကို တုံ့ပြန်ရန်အတွက် သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဝန်ကြီးဌာနက နှစ်စဉ် အောက်တိုဘာ ၂၅ ရက်ကို “တောမြည်းရိုင်းထိန်းသိမ်း ရေးနေ့”အဖြစ် သတ်မှတ်ကျင်းပသွားမည်ဖြစ်ကာ ယခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့သည်။
ဆင်ဟွာ