မေ ၁၄

မွန်ဂိုလီးယားနိုင်ငံအရှေ့ပိုင်း ခန်တီးပြည်နယ်တွင် မြေဟက်တာ ၇၃၀၀ ထက်မနည်း တောမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ အင်န်အီးအမ်အေက ယမန်နေ့ကပြောကြားသည်။

အဆိုပါတောမီးလောင်ကျွမ်းမှုကို ယမန်နေ့မွန်းလွဲပိုင်းက လုံးဝငြိမ်းသတ်နိုင်ခဲ့သည်ဟု အင်န်အီးအမ်အေက သတင်းထုတ်ပြန်ခဲ့သည်။

သစ်တောနှင့်တောမီးလောင်ကျွမ်းမှုများသည် လူသားတို့၏ပေါ့ဆမှု၊ မီးကိုကိုင်တွယ်အသုံးပြုရာတွင် ဂရုတစိုက်မရှိမှုနှင့် နွေဦးရာသီတွင် မြက်များကိုမီးရှို့မှုတို့ကြောင့် ဖြစ်သည်ဟု ကျွမ်းကျင်သူများကဆိုသည်။

ထိုတောမီးလောင်ကျွမ်းမှုကြောင့် မွန်ဂိုလီးယားပြည်နယ်များတွင် နေထိုင်သူများအနေဖြင့် ခြောက်သွေ့သောရာသီဉတုတွင် မီးပုံရှို့ခြင်း၊ သောက်လက်စဆေးလိပ်တိုများမြေပြင်ပေါ်သို့ ပစ်ချခြင်းတို့မပြုလုပ်ကြရန် အင်န်အီးအမ်အေက ဒေသခံများအားသတိပေးပြောကြားထားသည်။

နွေဦးရာသီအစပိုင်းမှစတင်ကာ နိုင်ငံတစ်ဝန်းတွင် သစ်တောနှင့်တောမီးလောင်ကျွမ်းမှု ၈၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သစ်တောနှင့်မြက်ခင်းမြေဟက်တာ ၇၄၈၀၈၂ လောင်ကျွမ်းခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန််-မြင့်မြင့်ချို