နိုဝင်ဘာ ၂၃
မွန်ဂိုလီးယားနိုင်ငံအရှေ့ပိုင်းတွင် နှင်းမုန်တိုင်းတိုက်ခတ်မှုနှင့် နှင်းထူထပ်စွာကျဆင်းမှုတို့ကြောင့် လူ ၄၆ ဦး ထက်မနည်း ပျောက်ဆုံးနေသည်ဟု အမျိုးသားအရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာအေဂျင်စီ (NEMA )က ယမန်နေ့ညနေပိုင်းက ပြောကြားသည်။
အဆိုပါနှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် ပျောက်ဆုံးနေသူများတွင် တိရစာ္ဆန်ထိန်းကျောင်းသူအများစုပါဝင်ကြောင်း ဖော်ပြထားသည်။ ဆတ်ရှ်ဘာတာ၊ ခန်တီး၊ ဒါနော့နှင့် ဒါနိုဂိုဗီပြည်နယ်များတွင် ပျောက်ဆုံးနေသူများကို ရှာဖွေမှုများလုပ်ဆောင်လျက်ရှိသည်ဟု အင်န်အီးအမ်အေက ဆိုသည်။
နိုင်ငံအတွင်းရှိဒေသအများအပြားတွင် အထူးသဖြင့် ဂိုဘီပြည်နယ်အရှေ့ပိုင်းနှင့် တောင်ပိုင်းတို့တွင် နိုဝင်ဘာ ၂၁ ရက်က နှင်းမုန်တိုင်းများတိုက်ခတ်မှုကြောင့် မြင်ကွင်းများရှင်းလင်းမှုမရှိဟု သိရသည်။
ယခုသီတင်းပတ်အတွင်း ရာသီဉတုဆက်လက်ဆိုးရွားနိုင်သဖြင့် နိုင်ငံသားများ အထူးသဖြင့် တိရစ္ဆာထိန်းကျောင်းသူများနှင့် ယာဉ်မောင်များအား ကြိုတင်ကာကွယ်မှုများလုပ်ဆောင်ကြရန် သတိပေးပြောကြားထားကြောင်း ဖော်ပြထားသည်။
ယခုလအစောပိုင်းက နိုင်ငံ၏နေရာအများအပြားတွင် နှင်းထူထပ်စွာကျဆင်းပြီး နှင်းမုန်တိုင်းတိုက်ခတ်မှုကြောင့် တိရစ္ဆာန်ထိန်းကျောင်းသူ ရှစ်ဦးသေဆုံးခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို