အူလန်ဘာတာ၊ ဇွန် ၁၇

ပြင်းထန်သော ရာသီဥတုအခြေအနေများကြောင့် ယခုနှစ် ပထမငါးလအတွင်း မွန်ဂိုလီးယားနိုင်ငံ တစ်ဝန်း မွေးမြူရေးတိရစ္ဆာန်ပေါင်း ၇၉၄၉၄၀၀ ထက်မနည်း သေဆုံးကြောင်း အမျိုးသားစာရင်း အင်းရုံးက တနင်္လာနေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

မွေးမြူရေးတိရစ္ဆာန် သေဆုံးမှုနှုန်းသည် ယမန်နှစ်အလားတူ ကာလနှင့် နှိုင်းယှဉ်ပါက ၂ ဒသမ ၂ ဆမြင့်တက်လာကြောင်း စာရင်းအင်းအေဂျင်စီကပြောသည်။ ဆီးနှင်းထူထပ်စွာ ကျဆင်းမှု၊ သဲမုန်တိုင်း သို့မဟုတ် ဖုန်မုန်တိုင်း တိုက်ခတ်မှုများနှင့်အတူ ပြင်းထန်သော ဆောင်းရာသီ ရာသီဥတုက တိရစ္ဆာန်များ သေဆုံးရခြင်း၏ အဓိကအကြောင်းရင်းများဖြစ်ကြောင်း အဆိုပါ အေဂျင်စီကပြောသည်။ ပြီးခဲ့သည့်ဆောင်းရာသီတွင် မွန်ဂိုလီးယားနိုင်ငံသည် ၁၉၇၅ ခုနှစ် နောက်ပိုင်း စံချိန်တင်ဆီးနှင်းကျဆင်းမှုနှင့် တွေ့ကြုံခံစားခဲ့ရကြောင်း၊ ထို့ပြင် နိုင်ငံ၏နယ်မြေ ၉၀ ရာခိုင်နှုန်းဝန်းကျင်မှာ ဆီးနှင်းများဖြင့် ဖုံးလွှမ်းထားပြီး ၁၀၀ စင်တီမီတာအထူအထိ ရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် နှစ်ကုန်တွင် မွန်ဂိုလီးယားနိုင်ငံ၌ မွေးမြူရေးတိရစ္ဆာန်ပေါင်း ၆၄ ဒသမ ၇ သန်း ရှိကြောင်း စာရင်းအင်းအေဂျင်စီ က ပြောသည်။

ဆင်ဟွာ