အူလန်ဘာတာ ဩဂုတ် ၂၈

 

မွန်ဂိုလီးယားနိုင်ငံတစ်ဝန်းတွင် ယခုနှစ်အစပိုင်းမှ စတင်၍ တောမီးလောင်မှုအရေအတွက် စုစုပေါင်း ၉၇ ကြိမ်ဖြစ်ပွားခဲ့ပြီး သစ်တောနှင့် မြက်ခင်းပြင်ဧရိယာ ၁၀၅၁၉၀၇ ဟက်တာ ပျက်စီးခဲ့ကြောင်း အမျိုးသားအရေးပေါ် စီမံခန့်ခွဲမှု အေဂျင်စီက ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန်သည်။

 

ယခုနှစ်အတွင်း လောင်ခဲ့သည့် တောမီးအရေအတွက်သည် ယမန်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၇၃ ရာခိုင်နှုန်းခန့် မြင့်တက်လာကြောင်း အရေးပေါ်အေဂျင်စီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

တောမီးလောင်သည့် အရေအတွက် သိသိသာသာ တိုးလာရခြင်းမှာ အဓိကအားဖြင့် ပြည်သူများ၏ ပေါ့ဆမှုကြောင့် ဖြစ်ကြောင်း၊ အေဂျင်စီက ပြည်သူများအား မီးမပေါ့ဆရန်နှင့် ဆေးလိပ်မီးများကို သတိမဲ့ပစ်ချခြင်း မပြုရန် သတိပေးထားကြောင်း သိရသည်။

 

ဆင်ဟွာ