အူလန်ဘာတာ  ဖေဖော်ဝါရီ  ၈

မွန်ဂိုလီးယားနိုင်ငံ၌  ဝက်သက်ရောဂါဖြစ်ပွားမှုကြောင့်  နောက်ထပ်သေဆုံးသူတစ်ဦး  ရှိလာပြီးနောက်  ယင်းရောဂါကြောင့် သေဆုံးသူပေါင်းမှာ ၁၃ ဦး ရှိလာကြောင်း  အမျိုးသားကူးစက်ပျံ့နှံ့ တတ်သော  ရောဂါများဆိုင်ရာစင်တာ(အင်န်စီစီဒီ)က  ဖေဖော်ဝါရီ ၇ ရက်က  ထုတ်ပြန်ထားသည်။

ဝက်သက်ရောဂါကြောင့် ပြင်းထန်စွာဖျားသည့် ကလေးကိုးဦးအပါအဝင် ဆေးရုံ၌ တက်ရောက်နေသူ ၇၇ ဦးရှိကြောင်း အင်န်စီစီဒီက ထုတ်ပြန်ချက်တွင် ပြောကြားသည်။

မွန်ဂိုလီးယားနိုင်ငံ၌ အင်န်စီစီဒီက ဝက်သက်ရောဂါကာကွယ် ဆေးနှစ်ကြိမ် ထိုးနှံခြင်းဖြင့် ၎င်းတို့၏ ကလေးများကို ဖြစ်နိုင်ခြေရှိသည့် ပြင်းထန်ရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ရန် မိဘများအား အကြံပြုထားသည်။

ဝက်သက်ရောဂါသည် အသက်ရှူလမ်းကြောင်းဆိုင်ရာ အမှုန်အမွှားများနှင့် တိုက်ရိုက်ထိတွေ့ခြင်းမှတစ်ဆင့်   အလွယ်တကူ ကူးစက်တတ်သော  ဗိုင်းရပ်စ်ရောဂါတစ်မျိုးဖြစ်ကြောင်း   သိရသည်။

ဝက်သက်ရောဂါ၏   အဖြစ်များသော  နောက်ဆက်တွဲလက္ခဏာများမှာ   ဖျားနာခြင်း၊  ချောင်းခြောက်ဆိုးခြင်း၊ နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းနှင့်    မျက်စိရောင်ရမ်းခြင်းတို့ဖြစ်ပြီး ကာကွယ်ဆေးထိုးနှံခြင်းဖြင့် အဆိုပါရောဂါကို ကြိုတင်ကာကွယ်နိုင်ကြောင်း သိရသည်။              

ဆင်ဟွာ