ဧပြီ ၃

မွန်ဂိုလီးယားနိုင်ငံတွင် ယခုနှစ် ပထမသုံးလပတ်ကာလအတွင်း နိုင်ငံခြားခရီးသွား ၁၃၀၀၀၀ ကျော် ရောက်ရှိကြောင်း သဘာဝပတ်ဝန်းကျင်နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

မွန်ဂိုလီးယားအစိုးရက ခရီးသွားကဏ္ဍပြန်လည်ရှင်သန်လာရေးအတွက်စီမံချက်များလုပ်ဆောင်လျက်ရှိပြီး ခရီးသွားများပိုမို လာရောက်ရေး ပံ့ပိုးကူညီပေးကြရန် ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။

ခရီးသွားလုပ်ငန်းအတွက်  နိုင်ငံအတွင်းသို့ဝင်ရောက်ရန် နိုင်ငံပေါင်း ၃၄ နိုင်ငံကို ဗီဇာကင်းလွတ်ခဲ့ပြုခဲ့ရာမှ ဗီဇာကင်းလွတ်ခွင့်ပြု နိုင်ငံ ၆၁ နိုင်ငံအထိ တိုးလာသည်ဟု သိရသည်။

အဆိုပါနိုင်ငံများမှနိုင်ငံသားများအနေဖြင့် မွန်ဂိုလီးယားနိုင်ငံအတွင်း ၂၀၂၅ နှစ်ကုန်ပိုင်းအထိ ရက်ပေါင်း ၃၀ နေထိုင်နိုင်ကြောင်း ဖော်ပြထားသည်။

၂၀၂၃ မှ ၂၀၂၅ ခုနှစ်အထိ မွန်ဂိုလီးယားခရီးသွားနှစ်အဖြစ် သတ်မှတ်ထားပြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ၂၀၂၃ ခုနှစ်အတွင်း ပွဲပေါင်း ၉၀ ကျော် ကျင်းပရန် မျှော်မှန်းထားသည်။

မွန်ဂိုလီးယားနိုင်ငံသည် လာမည့်နှစ်များအတွင်း ခရီးသွားလုပ်ငန်းမှ အမေရိကန်ဒေါ်လာ တစ်ဘီလီယံဝင်ငွေရရှိရန်နှင့် နိုင်ငံခြားခရီးသွား အနည်းဆုံး တစ်သန်းဝင်ရောက်ရန် ရည်မှန်းထားသည်။