အူလန်ဘာတာ   ဇွန်   ၉

မွန်ဂိုလီးယားနိုင်ငံသို့ ၂၀၂၅ ခုနှစ် နှစ်စမှစကာ နိုင်ငံခြားခရီးသွား စုစုပေါင်း ၂၂၆၃၆၄ ဦး လာရောက် လည်ပတ်ခဲ့ကြောင်း မွန်ဂိုလီးယားခရီးသွားအဖွဲ့၏ ဇွန် ၉ ရက်က  ထုတ်ပြန်သည့်  တရားဝင်အချက် အလက်များအရ သိရသည်။

ယခုနှစ်အတွင်း မွန်ဂိုလီးယားနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားခရီးသွားအများစုမှာ  တရုတ်၊  ရုရှားနှင့်   တောင်ကိုရီးယား နိုင်ငံတို့မှဖြစ်ကြောင်း    အချက်အလက်များအရ သိရသည်။

လက်ရှိတွင် မွန်ဂိုလီးယားနိုင်ငံ၏ စီးပွားရေးမှာ သတ္တုအရင်းအမြစ်များ တင်ပို့မှုအပေါ် အဓိက မှီခိုနေရ ကြောင်း သိရသည်။  နိုင်ငံ၏  ယဉ်ကျေးမှု၊ အားကစား၊  ခရီးသွားလုပ်ငန်းနှင့်  လူငယ်ရေးရာဝန်ကြီး ဌာန၏ ပြောကြားချက်အရ မွန်ဂိုလီးယားအစိုးရသည် နိုင်ငံတွင်း လေးရာသီခရီးသွားလုပ်ငန်း   ဖွံ့ဖြိုး တိုးတက်မှုကို မြှင့်တင်ရန်  ၂၀၂၈  ခုနှစ်အထိ  "Years to Visit Mongolia"    ခရီးသွားလုပ်ငန်းအစီ အစဉ်ကို  ဆက်လက်ပြုလုပ်ရန်  ဆုံးဖြတ်ခဲ့ကြောင်း   သိရသည်။

ကုန်းတွင်းပိတ်     အာရှနိုင်ငံဖြစ်သည့်     မွန်ဂို လီးယားနိုင်ငံသည် ၂၀၂၄  ခုနှစ်က  နိုင်ငံခြားခရီးသွား စုစုပေါင်း ၇၂၇၄၀၀ လာရောက်လည်ပတ်သောကြောင့် ခရီးသွားကဏ္ဍမှ  ဒေါ်လာ ၁ ဒသမ ၆   ဘီလီယံ ဝင်ငွေရရှိခဲ့ကြောင်း သိရသည်။  

ဆင်ဟွာ