စက်တင်ဘာ ၁၆

မွန်ဂိုလီးယားနိုင်ငံသို့ ယခုနှစ် ပထမရှစ်လအတွင်း နိုင်ငံခြားခရီးသွား ၅၇၆၂၈၃ ဦး ဝင်ရောက်မှုရှိကြောင်း ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားနှင့် လူငယ်ရေးရာဝန်ကြီးဌာနက ယနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

၂၀၂၄ ခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှုသည် လွန်ခဲ့သောနှစ် အလားတူကာလက ခရီးသွားဝင်ရောက်မှုနှင့်နှိုင်းယှဉ်ပါက  ၂၃ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်ဟု ထိုဝန်ကြီးဌာနကဆိုသည်။

ယခုနှစ်ဇန်နဝါရီလမှဩဂုတ်လအတွင်း ရုရှား၊ တရုတ်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှခရီးသွားဝင်ရောက်မှုအများဆုံး ဖြစ်ကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားသည်။

၂၀၂၃ ခုနှစ်မှ ၂၀၂၅ ခုနစ်အထိ မွန်ဂိုလီးယားခရီးသွားနှစ်အဖြစ် သတ်မှတ်ထားပြီး နှစ်စဉ် နိုင်ငံခြားခရီးသွား တစ်သန်းထက်မနည်း ဝင်ရောက်မှုရှိရန်ရည်မှန်းထားသည်ဟု သိရသည်။

လွန်ခဲ့သောနှစ်က နိုင်ငံခြားခရီးသွား ၆၅၀၀၀၀ ကျော်ဝင်ရောက်ခဲ့ပြီး ခရီးသွားကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံရရှိကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို