ဇွန် ၉
မွန်ဂိုလီးယားနိုင်ငံသို့ ၂၀၂၅ ခုနှစ် လက်ရှိအချိန်အထိ နိုင်ငံခြားခရီးသွားလာရောက်လည်ပတ်သူစုစုပေါင်း ၂၂၆၃၆၄ ဦး ရှိကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့က ယနေ့တွင် တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါကာလအတွင်း တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့မှခရီးသွားများဝင်ရောက်မှုအများဆုံးဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
၂၀၂၈ ခုနှစ်အထိတိုင် နိုင်ငံအတွင်းလေးရာသီခရီးသွားလုပ်ငန်းတိုးတက်ကောင်းမွန်ရေးမြှင့်တင်ရန် မွန်ဂိုလီးယားခရီးသွားနှစ်အဖြစ် ဆက်လက်လုပ်ဆောင်ရန်အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့သည်ဟု ယဉ်ကျေးမှု၊ အားစား၊ ခရီးသွားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ပြောကြားချက်အရ သိရသည်။
တရားဝင်ဆောင်ပုဒ် ဂိုး မွန်ဂိုလီးယား အရ ၎င်းမူဝါဒ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ခရီးသွားလုပ်ငန်းကဏ္ဍကို ထောက်ပံ့ပြီး ၂၀၂၈ ခုနှစ်တွင် နိုင်ငံခြားခရီးသွား နှစ်သန်း ဝင်ရောက်မှုရှိရန် မျှော်မှန်းထားသည်။
၂၀၂၄ ခုနှစ်က နိုင်ငံခြားခရီးသွား ၇၂၇၄၀၀ လာရောက်လည်ပတ်ခဲ့ရာ ခရီးသွားကဏ္ဍမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ ဝင်ငွေရရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို