အောက်တိုဘာ ၃၀
မွန်ဂိုးလီးယားနိုင်ငံသို့ ၂၀၂၅ ခုနှစ်အစောပိုင်းမှစတင်ကာ နိုင်ငံခြားခရီးသွား ၇၅၁၈၇၉ ဦး ဝင်ရောက်မှုရှိကြောင်း ခရီးသွားလုပ်ငန်းအဖွဲ့အစည်းက ယမန်နေ့က တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။
ထိုကာလအတွင်း တရုတ်၊ ရုရှားနှင့် တောင်ကိုရီးယားနိုင်ငံတို့မှ ခရီးသွားများလာရောက်လည်ပတ်မှုများပြားသည်ဟု သိရသည်။
နိုင်ငံ၏ ယဉ်ကျေးမှု၊ အားကစား၊ ခရီးသွားလုပ်ငန်းနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ ပြောကြားချက်အရ နိုင်ငံအတွင်း လေးရာသီခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကိုမြှင့်တင်ရန်အတွက် မွန်ဂိုးလီးယားသို့ သွားရောက် လည်ပတ်ရမည့်နှစ်များ ခရီးသွားလုပ်ငန်းအစီအစဉ်ကို ၂၀၂၈ ခုနှစ်အထိ ဆက်လက်လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


