၉ ဇွန်

 

မွန်ဂိုလီးယားနိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်မှု မရှိကြောင်းနှင့် ရောဂါကူးစက်ခံရသူ အရေအတွက် ၁၉၄ ဦး ရှိကြောင်း ကူးစက်ရောဂါများဆိုင်ရာ အမျိုးသားစင်တာက ယနေ့တွင် ပြောကြားသည်။

 

အဆိုပါ ရောဂါကူးစက်ခံရသူများအနက် ၁၀ ဦးမှာ ကျန်းမာရေး ကောင်းမွန်လာကြောင်းနှင့်  ပြန်လည် ကျန်းမာရေး ကောင်းမွန်လာသူပေါင်း ၈၅ ဦး ရှိသည်ဟု ကူးစက်ရောဂါများဆိုင်ရာ အမျိုးသားစင်တာ အကြီးအကဲ ဒူလ်မာ ညမ်ခူက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

 

မွန်ဂိုလီးယားတွင် သံသယလူနာ နှစ်ဦး ရှိပြီး ထိုစင်တာတွင် သီးခြားထားရှိသည်ဟု ၎င်းက ဆိုသည်။

 

ယင်းသံသယလူနာ နှစ်ဦးမှာ မွန်ဂိုလီးယားနိုင်ငံသားများဖြစ်ကြောင်းနှင့် ၎င်းတို့သည် ဆစ်ဒနီ-စီဘူ-အလန်ဘက်တာ ခရီးစဉ် စင်းလုံးငှားလေယာဉ်ဖြင့် ယမန်နေ့ညက ရောက်ရှိလာခြင်းဖြစ်ကြောင်း ထိုတာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

ကိုဗစ်-၁၉ ကူးစက်ခံရသူ ၁၉၄ ဦးတွင် နိုင်ငံခြားသား ငါးဦး နှင့် ရုရှားနိုင်ငံသား အများစု ပါဝင်သည်။ မွန်ဂိုလီးယားတွင် ပြည်တွင်း ကူးစက်မှု၊ သေဆုံးမှု ယခုအချိန်ထိ မရှိသေးပေ။

 

မတ်လ ၁၀ ရက်နေ့က ပြင်သစ်နိုင်ငံသားတစ်ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ရပြီး ယင်းကူးစက်မှုသည် မွန်ဂိုလီးယားတွင် ကိုဗစ်-၁၉ ပထမဆုံး ကူးစက်ခံရခြင်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို