မွန်ဂိုလီးယားတွင် မီးလောင်မှုများဖြစ်ပွားသောကြောင့်  ၃၇ ဦး သေဆုံး 

၄ ဇူလိုင်

 

ယခုပထမနှစ်ဝက်အတွင်း မွန်ဂိုလီးယားနိုင်ငံအနှံ့ အိမ်ထောင်စုပေါင်း ၂၅၆၁ စု မီးလောင်ကျွမ်းမှုများဖြစ်ပွားသဖြင့် တွင် ၃၇ ဦး သေဆုံးပြီး အခြား ၁၆ ဦး ဒဏ်ရာရရှိကြောင်း မွန်ဂိုလီးယားနိုင်ငံ၏ အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ (NEMA)  က ယနေ့သတင်းထုတ်ပြန်ခဲ့သည်။

 

အဆိုပါမီးလောင်ကျွမ်းမှုကြောင့်  အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ သန်းတန်ဖိုးခန့်ဆုံးရှုံးခဲ့ရကြောင်း  NEMA ထုတ်ပြန်ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

 

ထိုမီးလောင်မှုများ ဖြစ်ပွားလာခြင်းသည် တစ်နှစ်ထက်တစ်နှစ် ၁၈ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုများပြားလာကာ စီးပွားရေးလုပ်ငန်းဆုံးရှုံးမှုများ သည် ပြီးခဲ့သည့် နှစ် အလားတူကာလမျိုးနှင့် နှိုင်းယှဉ်ပါက ထက်ဝက်လျော့သွားစေခဲ့သည် ဟု NEMA က ထပ်လောင်းပြောကြားခဲ့သည်။

 

မီးလောင်ကျွမ်းမှု အဓိကဖြစ်ပွားသည့် အကြောင်းရင်းမှာ လျှပ်စစ်ဓါတ်အားများ ရှော့ခ်ဖြစ်ခြင်းနှင့် နိုင်ငံသားများနှင့်တာဝန်ရှိသူများ၏ ပေါ့ဆမှုများကြောင့် ဖြစ်ကြောင်း အရေးပေါ်ဆိုင်ရာအေဂျင်စီ  သတင်းဖော်ပြချက်အရ သိရသည်။

 

အမျိုးသားအရေးပေါ်စီမံခန့်ခွဲရေးအေဂျင်စီ(NEMA) ကယ်ဆယ်ရေးသမားများနှင့် မီးသတ်သမားများက ၆၂၆ ဦး အသက်ကို ကယ်တင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၃ သန်းကျော်တန်ဖိုးရှိ ပစ္စည်းဥစ္စာများကို အဖတ်ဆယ်နိုင်ခဲ့သည်ဟု NEMA သတင်းဖော်ပြချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်- မြင့်မြင့်ချို