မွန်ဂိုလီးယားတွင် မိုးကြိုးပစ်ခြင်းကြောင့် ကျွဲနွားတိရစ္ဆာန် ၇၀ဝ ကျော်သေဆုံး

၁၀ ဇူလိုင်

မွန်ဂိုလီးယားနိုင်ငံ အနောက်အလယ်ပိုင်းတွင် မိုးကြိုးပစ်ခံရပြီးနောက် ကျွဲနွားတိရစ္ဆာန်ကောင်ရေပေါင်း ၇၃၈ ကောင်ထက်မနည်း သေဆုံးခဲ့ကြောင်း Arkhangai ပြည်နယ် အရေးပေါ်စီမံခန့်ခွဲရေးရာဌာနက ယနေ့သတင်းထုတ်ပြန်ကြေညာခဲ့သည်။

 

Arkhangai ပြည်နယ် Tsetserleg ခရိုင်တွင် နေ့လည်ခင်းက ယင်းကဲ့သို့ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းဌာနက ထုတ်ပြန်ကြေညာချက်တစ်ရပ်တွင် ဖော်ပြခဲ့သည်။

 

အဆိုပါ မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသွားခဲ့သည့် တိရစ္ဆာန်များမှာ အိမ်ထောင်စု နှစ်စုမှ ကျွဲနွားများဖြစ်ကြောင်း ထိုဌာနက ပြောကြားခဲ့သည်။ Arkhangai အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူများနှင့် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများသည် ၎င်းမိုးကြိုးပစ်မှု ဖြစ်ပွားသည့်နေရာတွင် အလုပ်တာဝန်များကို လုပ်ဆောင်နေကြကြောင်း ထိုဌာနက ထပ်လောင်းပြောကြားခဲ့သည်။

 

ကိုးကား ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို