၅ ဇွန်

 

မွန်ဂိုလီးယားနိုင်ငံ တစ်ဝှမ်းတွင် ယခုနှစ်အတွင်း ရေနှင့် ပတ်သက်သည့် မတော်တဆမှု ၁၀ ခုအထက် ဖြစ်ပွားခဲ့ပြီး လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီက ယနေ့တွင် ပြောကြားခဲ့သည်။

 

သေဆုံးသူများအနက် ငါးဦးမှာ ကလေးများ ဖြစ်ကြောင်း ထိုအေဂျင်စီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါ ရေနှင့် ပတ်သက်သည့် မတော်တဆမှုများ ဖြစ်ပွားရသည့် အဓိက အကြောင်းအရင်းမှာ နိုင်ငံသားများ ပေါ့ဆမှုရှိခြင်း၊ ကလေးများကို ကြီးကြပ်မှုမရှိခြင်းနှင့် အရက်သေစာ သောက်သုံးပြီး ရေကူးခြင်းတို့ကြောင့် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

 

နွေရာသီ ရောက်လာသည်နှင့်အမျှ ရေကန်နှင့်မြစ်များသို့ ရောက်ရှိလာသူ အရေအတွက် သိသိသာသာ များပြားလာသဖြင့် ဖြစ်နိုင်ခြေရှိသော မတော်တဆမှုများ ဖြစ်ပွားမှုမှ ကာကွယ်ရန် ပြည်သူများအား တိုက်တွန်းပြောကြားထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို