ချောင်းသာ ၄ သြဂုတ်
ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့၊ ဥတိုချောင်းဘေးဝဲ/ယာ တစ်လျှောက်တွင် မြင်းကောင်ရေ(၂၀)အောက် စက်တပ်ရေယဉ်များ သတ်မှတ်စည်းကမ်းနှင့် ညီညွတ်စေရေး၊ သတ်မှတ်လိုင်စင်များ စနစ်တကျဆောင်ရွက်နိုင်ရေး၊ ရေပြင်တွင် ဘေးကင်းလုံခြုံရေးတို့အတွက် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ချောင်းသာမြို့ အုပ်ချုပ်ရေးမှူး ဉီးကျော်သူ ဦးဆောင်၍ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူများမှ အဆိုပါ ဥတိုချောင်းဘေးဝဲ/ယာတို့တွင် ကွင်းဆင်းကာ ဒေသခံလုပ်ငန်းရှင်များအပါအဝင် ဧည့်သည်လုပ်ငန်းရှင်များမှလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဖြစ်စေရေး ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။
ကိုကိုမောင် (ပြန်/ဆက်)




