မြင်းခြံ   ၂၁  ဧပြီ 

 

မြင်းခြံမြို့ စက်ဘီးချစ်သူများအဖွဲ့က မြင်းခြံမြို့ပေါ်ရပ်ကွက်များအတွင်း မီတာအသုံးပြုခ သွားရောက် ပေးဆောင်ရန် အခက်အခဲရှိသူများအား အိမ်အရောက် လိုက်လံကောက်ခံပေးလျက်ရှိကြောင်း သိရှိရသည်။

 

 “ကျွန်တော်တို့ မြင်းခြံစက်ဘီးချစ်သူများ အဖွဲ့အနေနဲ့ မြင်းခြံမြို့တွင် ကိုရိုနာ ဗိုင်းရပ်စ် မဖြစ်ပွား စေရေးနဲ့ ကြိုတင်ကာကွယ် စေနိုင်ရန်အတွက် မြင်းခြံစက်ဘီးချစ်သူများ အဖွဲ့ဝင်များက မိမိတို့နေထိုင်ရာ ရပ်ကွက်အတွင်း လျှစ်စစ်ရုံးသို့ သွားလာရန်ခက်ခဲသောအိမ်များ၊ သက်ကြီးရွယ်အိုများ နေထိုင်သည့် အိမ်များသို့ လျှပ်စစ်မီတာ အသုံးပြုခများကို အခမဲ့လိုက်လံကောက်ခံပေးကာ လျှပ်စစ်ရုံးသို့ သွားရောက် ပေးဆောင်ပေးတာဖြစ်ပါတယ် ဟု  မြင်းခြံစက်ဘီးချစ်သူများ အဖွဲ့မှ ဦးမင်းသော်နိုင် က ပြောသည်။

 

8520

 

မြင်းခြံမြို့တွင် ရပ်ကွက် (၂၀) ရှိရာ ယခုချိန်တွင် အဖွဲ့ဝင် ၅ ဦးမှ မိမိတို့ရပ်ကွက် အတွင်းရှိ လျှပ်စစ်ရုံးသို့ သွားလာရန် ခက်ခဲသော အိမ်များကို လိုက်လံကောက်ခံပေးလျက်ရှိပြီး ကျန်အဖွဲ့ဝင်များကိုလည်း မိမိတို့ ရပ်ကွက်အတွင်းရှိ လျှစ်စစ်ရုံးသို့  သွားလာရန် ခက်ခဲသော အိမ်များကို လျှပ်စစ်မီတာအသုံးပြုခ ကောက်ခံနိုင်ရေး ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

 

ကိုကျော်စွာ(IPRD)