မြင်းခြံ ၃ ဇန်နဝါရီ

 

(၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် မြင်းခြံဒီဂရီကောလိပ် ဘာသာ ရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကို ကျောင်းဘောလုံးကွင်းအတွင်း ဇန်နဝါရီ ၂  ရက် ညနေ ၃ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မြင်းခြံဒီဂရီကောလိပ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲများကို နံနက်ပိုင်းမှစတင် ကျင်းပပြုလုပ်ရာ အပြေးပြိုင်ပွဲအဖြစ် မီတာ(၁၀ဝ၊၂၀ဝ၊ ၄၀ဝ၊ ၈၀ဝ၊ ၁၅၀ဝ) ကျား/မပြိုင်ပွဲများ၊ အလျားခုန်၊ အမြင့်ခုန်၊ သုံးဆင့်ခုန်ပြိုင်ပွဲများ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲများ ကျင်းပခဲ့ရာ ဘာသာရပ်အသီးသီးမှ ကျောင်းသား/ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိသူများကို ကျောင်းအုပ်ကြီး ဒေါက်တာမောင်မောင်နှင့် ပါမောက္ခများ၊ဌာနမှူးများက ဆုများချီးမြှင့် ပေးအပ်ခဲ့ကြသည်။

 

အဆိုပါ (၂၀၁၉-၂၀၂၀)ပညာသင်နှစ်၊ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မြင်းခြံ ဒီဂရီကောလိပ် ဘာသာရပ်ပေါင်းစုံ ပြေးခုန်ပစ်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲသို့ ကျောင်းအုပ်ကြီး ဒေါက်တာမောင်မောင်၊ ဘာသာရပ်ဆိုင်ရာပါမောက္ခ(ဌာနမှူး)များ ၊ ဆရာ/ဆရာမများ ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြောင်း သိရသည်။

 

ဇော်မင်းနိုင်(မြင်းခြံ)