mdn

မြင်းခြံ   အောက်တိုဘာ   ၄

မြင်းခြံခရိုင်အတွင်းရှိ စားသုံးသူများ စားသုံးဆီ ဈေးနှုန်းချိုသာစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် မြင်းခြံခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များမှ စားသုံးဆီ တစ်ပိဿာလျှင် ငွေကျပ် ၃၉၀၀ နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

"မြင်းခြံမြို့အတွင်းမှာ ကိုယ်စားလှယ် ငါးဦးက နေရာ ငါးနေရာမှာ ရောင်းချပေးလျက်ရှိပြီး နွားထိုးကြီးမြို့မှာလည်း ကိုယ်စားလှယ် တစ်ဦးက ရောင်းချပေးနေပါတယ်။ မြင်းခြံခရိုင်အတွင်းရှိ စားသုံးသူများထံသို့ သတ်မှတ်ထားသော ဈေးနှုန်းအတိုင်း ရောင်းချပေးလိုတဲ့ ကိုယ်စားလှယ်များအနေနဲ့ မြင်းခြံခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းရုံးသို့ ချိတ်ဆက် ဆောင်ရွက်နိုင် ပါတယ်"ဟု မြင်းခြံခရိုင် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောပြသည်။

မြင်းခြံခရိုင်တွင် လူတစ်ဦးလျှင် စားသုံးဆီ အနည်းဆုံး ၂၅ ကျပ်သားမှ အများဆုံး ငါးပိဿာအထိ ရောင်းချ ပေးလျက်ရှိသည်။
        
ကျော်စွာ(မြင်းခြံ)