မြင်းခြံ  ၃ စက်တင်ဘာ 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ဆည်ရေစီမံခန့်ခွဲမှု ရက်တိုသင်တန်းကို ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှု လေ့ကျင့်ရေး ဌာနခွဲ(ပဲခူး)မှ လာရောက်၍ မြင်းခြံခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာနရုံးတွင် ဩဂုတ် ၂၉ ရက်မှ စတင်ဖွင့်လှစ် ပို့ချခဲ့ကြောင်း သိရသည်။ 

 

2

 

သင်တန်းတွင် ဆည်မြောင်းပညာရပ် ဖွံ့ဖြိုးမှုလေ့ကျင်းရေးဌာနခွဲ (ပဲခူး)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာ မောင်မောင်နိုင်က ဆည်မြောင်းနှင့် ပတ်သက်သော ပညာရပ်များ၊ ရေထုထည် စီးနှုန်းတိုင်းတာခြင်း လုပ်ငန်းများ စသည်တို့ကို သင်ကြားပို့ချခဲ့သည်။

 

3

 

ထို့နောက် လက်တွေ့ဆောင်ရွက်မှု လုပ်ငန်းများကို ဆိတ်ညံမြစ်ရေတင် ရေသောက်စနစ် လက်တံမြောင်း(၄)နှင့် (၅)တို့တွင် ရေထုစီးနှုန်း တိုင်းတာခြင်းလုပ်ငန်းများအား သင်တန်းသားများကိုယ်တိုင် ဆောင်ရွက်စေခဲ့ပြီး သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။ 

အဆိုပါ ဆည်ရေခန့်ခွဲမှု ရက်တိုသင်တန်းကို မြင်းခြံခရိုင် လက်ထောက်ညွှန်ကြားရေးမှူးရုံး (ဆည်မြောင်း)မှ သင်တန်းသားများ၊ လက်ထာက်ညွှန်ကြားရေးမှူးရုံး (ရေအရင်းမြစ်)မှ သင်တန်းသားများ စုစုပေါင်း (၅၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ဇော်မင်းနိုင်(မြင်းခြံ)