နေပြည်တော် ၁၉  မေ

 

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်အတွင်းရှိ ရဲမှုထမ်းဟောင်း(၉၂)ဦးအား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နည်းဗျူဟာမှူး ဗိုလ်မှူးကြီး သန်းနိုင်စိုးမှ ဆန်၊ ဆီ၊ ဆား၊ ကုလားပဲ စသည့် ရိက္ခာ(၄)မျိုး ထောက်ပံပေးအပ်ပွဲကို မေ ၁၈ ရက် နံနက်ပိုင်းက မြင်းခြံခရိုင် ရဲရိပ်သာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

နည်းဗျူဟာမှူး ဗိုလ်မှူးကြီး သန်းနိုင်စိုးက ကိုဗစ်-၁၉ ကာလ အငြိမ်းစား ရဲမှုထမ်းဟောင်းများကို လိုအပ်သည့် အခြေခံစားကုန်များ ထောက်ပံ့ရသည့် အကြောင်းအား ရှင်းလင်းပြောကြားပြီး ရဲမှုထမ်း ဟောင်း(၉၂)ဦးတို့အား တစ်ဦးလျှင် ဆန်(၅)ပြည်နှင့် (၅)ဘူး၊ ဆီ(၃၂) ကျပ်သား၊ ဆား(၂၈) ကျပ်သား၊ ကုလားပဲ(၄၈) ကျပ်သားတို့ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 

(ရဲပြန်ကြား)