မြင်းခြံ ၁၉ ဖေဖော်ဝါရီ
၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်မှ ၂၀ ရက်အထိ ကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲ တွင် မြင်းခြံခရိုင် အတွင်းမှ ဖြေဆိုရန်လျှောက်ထားသူ ၁၇၁၆၈ ဦးရှိပြီး စာစစ်ဌာန ၃၀ ဖွင့်လှစ် ဖြေဆိုသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ် စာစစ်ဌာန ၈ ခုတွင် စာမေးပွဲဖြေဆိုခွင့် ရရှိသူ ကျောင်းသား ကျောင်းသူ ၅၁၇၃ ဦး၊ တောင်သာမြို့နယ် စာစစ်ဌာန ၁၁ ခုတွင် စာမေးပွဲဖြေဆိုခွင့် ရရှိသူ ကျောင်းသား ကျောင်းသူ ၅၄၆၃ ဦး၊ နွားထိုးကြီးမြို့နယ် စာစစ်ဌာန ၆ ခုတွင် စာမေးပွဲဖြေဆိုခွင့် ရရှိသူ ကျောင်းသား ကျောင်းသူ ၃၉၃၂ ဦး၊ ငါန်းဇွန်မြို့နယ် စာစစ်ဌာန ၅ ခုတွင် စာမေးပွဲဖြေဆိုခွင့်ရရှိသူ ကျောင်းသား ကျောင်းသူ ၂၆၀ဝ ရှိကြောင်း သိရှိရသည်။
၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူ များအနေဖြင့် စာမေးပွဲ ဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် သက်ဆိုင်ရာ စာစစ်ဌာန အသီးသီးတွင် ထုတ်ယူနိုင်ကြောင်း သိရှိရသည်။
ကိုကျော်စွာ(IPRD)


