မြင်းခြံ ဇူလိုင် ၂၁

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အေးမြသီတာဈေးတွင် ယနေ့နံနက် နာရီ အချိန်က Mask Campaign ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အေးမြသီတာဈေးအတွင်းရှိ ဈေးရောင်း/ဈေးဝယ်များ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် Mask တပ်ဆင်ရေးအတွက် Mask အခုရေ (၆၀၀) ကို မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ပေးဝေခဲ့ကြသည်။

 

မြင်းခြံမြို့တွင် ကျန်ရှိနေသေးသည့် စည်ပင်သာယာဈေးနှင့် စံပြဈေးတို့ကို နောက်ရက်များတွက် ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စွာ