မြင်းခြံ   ၁၆   ဧပြီ

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့ရှိ အခြေခံကျန်းမာရေးဝန်ထမ်းများအား နိုင်ငံတော်မှ ထောက်ပံ့ပစ္စည်းများအား ပေးအပ်ခြင်းကို ဧပြီ ၁၆ ရက် နံနက် ၁၀ နာရီက မြင်းခြံခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော အခြေခံကျန်းမာရေးဝန်ထမ်း ၁၅၂ ဦးရှိပြီး တစ်ဦးလျှင် ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ Mask အခု ၃၀ နှင့် မုန့်များကို ခရိုင်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာ အုပ်စိုးက ပေးအပ်ခဲ့သည်။ မြင်းခြံမြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာန (၇) ခု၊ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာန (၁) ခု၊ တိုက်နယ်ကျန်းမာရေးဌာန (၂) ခု ရှိကြောင်း သိရှိရသည်။

 

အဆိုပါ ထောက်ပံ့ပစ္စည်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ရှေ့တန်းကဆောင်ရွက်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများအား စားနပ်ရိက္ခာကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန် နိုင်ငံတော်မှထောက်ပံ့ပေးခြင်းဖြစ်ပြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး စခန်း(၃)ခုရှိပြီး၊ ယခုအခါတွင်စခန်း (၂)ခုတွင်သာ စောင့်ကြည့်လူနာများရှိကြောင်း သိရှိရသည်။

 

ကိုကျော်စွာ( IPRD)