မြင်းခြံ၊ ၃၀ မေ
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ အမှတ် (၁) ရပ်ကွက်ရှိ တပ်ကုန်းဘုန်းကြီးကျောင်း မြောက်ဘက်လမ်းအား ကတ္တရာလမ်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
“ကျွန်တော်တို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြင်းခြံမြို့ အမှတ် (၁) ရပ်ကွက်ရှိ တပ်ကုန်းဘုန်းကြီးကျောင်း မြောက်ဘက်လမ်းကို ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေပါတယ်။ လမ်းအရှည် ပေ ၂၈၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မရှိပြီး ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ဘဏ္ဍာငွေ ၄ ဒသမ ၉၂ သန်းဖြင့် ဆောင်ရွက်နေပါတယ်” ဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဦးကျော်စိုးက ပြောသည်။
မြင်းခြံမြို့နယ် စည်ပင်သာယာရေးအဖွဲ့အနေဖြင့် မြင်းခြံမြို့တွင် ကတ္တရာလမ်းခင်းခြင်း လုပ်ငန်းများ၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းများ၊ ယိုယွင်းပျက်စီးနေသောလမ်းများ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်ထားဦး


