မြင်းခြံ မတ် ၂၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၁၃)ရပ်ကွက်၌ ယနေ့ နံနက် ၃ နာရီခွဲက မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မြင်းခြံမြို့ အမှတ်(၁၃)ရပ်ကွက်ရှိ ဒေါ်နှင်းဦးဆွေ ပိုင်ဆိုင်သော (၂၄ ပေ× ၂၄ ပေ) သွပ်မိုး ထရံကာပျဉ်ခင်း နှစ်ထပ်လူနေအိမ်ရှိ ရေခဲသေတ္တာနှင့် ချိတ်ဆက်အသုံးပြုသော မီးအားမြှင့်စက် အပူလွန်ကဲရာမှ အနီးရှိထရံသို့ ကူ စက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးကူးစက်လောင်ကျွမ်းမှုကြောင့် နေအိမ် ခြောက်လုံးနှင့် နေအိမ် အပေါ်ထပ် တစ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်ပွားရာသို့ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးငြှိမ်းသတ်ယာဉ်များ၊ ရေသယ်ယာဉ်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းငြှိမ်းသတ် ခဲ့ကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)


