မြင်းခြံ နိုဝင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ ဆန္ဒတော်ပြည့်စေတီတော် ဓမ္မာရုံ၌ တန်ဆောင်းမုန်းလပြည့်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် မသိုးသင်္ကန်း ရက်လုပ်ပူဇော်ပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက် ၅ နာရီက ပြုလုပ်ခဲ့ရာ ဆန္ဒတော်ပြည့်စေတီတော်ကြီးအတွင်းရှိ မဟာဂရုဏာလာဘမုနိ၊ လောကသရဖူ၊ လောကမာရဇိန်၊ လောကမှန်ကူ ရုပ်ပွားတော်မြတ်ကြီးများအား မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)


