မြင်းခြံ ၁၈ ဇွန်
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ စွန်းလွန်းဆည်တွင် ဇွန် ၁၇ ရက် ညနေ ၅ နာရီ အချိန်က လူတစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြင်းခြံမြို့ စွန်းလွန်းဆည်တွင် အချိန်ခန့်၌ လူတစ်ဦး ရေနစ်နေကြောင်း ကွမ်းစိုက်ကျေးရွာ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ဖုန်းဆက် အကြောင်းကြားသောကြောင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ နာရေးကူညီမှုအသင်း၊ အဖြူရောင် လက်များ ပရဟိတအသင်းများနှင့်အတူ ည ၈ နာရီ မီးထွန်းရှာဖွေရာ ဆည်မှာ အလွန်ကျယ်ဝန်း သောကြောင့် မတွေ့ရှိဘဲ ဇွန် ၁၈ ရက် နံနက် ၇ နာရီ အချိန်ခန့်၌ စွန်းလွန်းဆည်မြောက်ဘက် ငါးဖမ်းပိုက်တွင် ငြိကာ သေဆုံးလျက် တွေ့ရှိခဲ့သည်။
သေဆုံးသူမှာ မြင်းခြံမြို့နယ် ကွမ်းစိုက်ကျေးရွာနေ ဦးတိုးလှိုင် ဖြစ်ပြီး ဓမ္မတာ အတိုင်းသေဆုံးခြင်း ဟုတ်/မဟုတ် စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက် မြင်းခြံပြည်သူ့ဆေးရုံကြီး သို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)