မြင်းခြံ   ၉   ဇူလိုင် 

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်အတွင်းရှိ မီးသုံးစွဲသူမိဘပြည်သူများ လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲနိုင်ရေးအတွက် ထရန်စဖော်မာ လဲလှယ်တပ်ဆင်ခြင်းကို ယနေ့ နံနက် ၉ နာရီက ပြောင်းလဲတပ်ဆင်ခဲ့သည်။

 

မြင်းခြံမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲသူ ပြည်သူများ ပိုမိုများပြားလာသဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုသုံးစွဲ နိုင်ရေးအတွက် ယခင်အသုံးပြုနေသော ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအား ၂၀ အမ်ဗွီအေ ထရန်စဖော်မာဖြင့် ပြောင်းလဲတပ်ဆင်ခဲ့သည်။

 

အဆိုပါ လုပ်ငန်းများအား ၂၀၁၉-၂၀၂၀ ခုနှစ် ပြည်ထောင်စုဘတ်ဂျက်၊ ငွေလုံးငွေရင်းရန်ပုံငွေ ကျပ်သန်းပေါင်း ၂၆၈ သန်းဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးမြလင်းဝေထံမှ သိရသည်။

 

ထို့အပြင် မြင်းခြံမြို့နယ်နှင့် တောင်သာမြို့နယ်အတွင်း အသုံးပြုနေသော ၁၁ ကေဗွီ ကျောဇီဖီဒါရှိ Current Tranfomer (100-200/5/5/5) အား (300-600/5/5/5) ဖြင့် လဲလှယ်တပ်ဆင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ၆၆/၁၁ ကေဗွီ၊ ၁၀ အမ်ဗွီအေ ထရန်စဖော်မာအား ၂၀ အမ်ဗွီအေ ထရန်စဖော်မာဖြင့် ပြောင်းလဲတပ်ဆင်ခြင်းဖြင့် မြင်းခြံမြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားအသုံးပြုသူ ပြည်သူများအနေဖြင့် လျှပ်စစ်ဓာတ်အား ပိုမိုအသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

 

ကျော်စွာ(မြင်းခြံ)