မြင်းခြံ ၃၀ ဇူလိုင်
ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် ပြောင်းရွှေ့နေထိုင်ကြသော ရေဘေးရှောင် ပြည်သူများအား ဆန်ရိက္ခာဖိုးငွေ ထောက်ပံ့ပေးအပ်ခြင်းကို ဇူလိုင် ၂၉ ရက် ညနေ ၅ နာရီခွဲက ရေဘေးရှောင်ပြည်သူများ လက်ဝယ်အရောက်ပေးအပ်ခဲ့သည်။
ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ဆန်ရိက္ခာဖိုးငွေများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင့်သီတာမောင်တို့မှ ရေဘေးရှောင်နေရပ်များဖြစ်သည့် အမှတ် (၂) ရပ်ကွက်၊ အမှတ်(၆) ရပ်ကွက်၊ အမှတ်(၁၁) ရပ်ကွက်၊ အမှတ် (၁၂) ရပ်ကွက်နှင့် မြင်းခြံမြို့နယ် အေးရွာ ကျေးရွာများ အရောက် ရေဘေးရှောင်အိမ်ထောင်စု ၄၁၉ စု လူဦးရေ ၁၈၈၉ ဦးအတွက် တစ်ဦးလျှင် ၇ ရက်စာ ဆန်ရိက္ခာဖိုးငွေ ၂၁၀၀ ကျပ်ဖြင့် စုစုပေါင်း ငွေကျပ် ၃၉၆၆၉၀၀ ကို ပေးအပ်ခဲ့သည်။
မြင်းခြံမြို့ ဧရာဝတီမြစ်ရေဝင်ရောက်မှု စိုးရိမ်ရေအမှတ်မှာ ၅ပေ ၉ လက်မဖြစ်ပြီး လက်ရှိ မြစ်ရေဝင်ရောက်မှု ရေမှတ်သည် ၄ ပေ ၂ လက်မသို့ ရောက်ရှိနေပြီး ခရိုင်မီးသတ်ဦးစီး ဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့မှ မြစ်ကမ်း တစ်လျောက်နှင့် ရေဝင်လျက်ရှိသည့် အနိမ့်ပိုင်း ရပ်ကွက်များအား မြစ်ရေသတိပေးချက်များကို လိုက်လံအသိပေး နှိုးဆော်လျက်ရှိကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)