မြင်းခြံ ဇွန် ၄

 

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ)မှ အာမခံအလုပ်သမား နှစ်ဦး အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့်အတွက် ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့်ထုတ်ပေးခြင်းကို ဇွန် ၂ ရက်က အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

အခမ်းအနားတွင် မြင်းခြံမြို့နယ် လူမှုဖူလုံရေးရုံးဦးစီးအရာရှိ ဦးတင့်ဇော်မြင့်က ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေအကြောင်းအရာများ ရှင်းလင်းပြောကြားသည်။

 

ထို့နောက် အလုပ်ခွင်ထိခိုက်မှုကြောင့် သေဆုံးသွားသည့် အာမခံ အလုပ်သမား နှစ်ဦး၏ ကျန်ရစ်သူငွေလုံးငွေရင်း အကျိုးခံစားခွင့် ငွေကျပ် ၃၂၀၄၀၀၀၀ အား မြင်းခြံမြို့နယ် လူမှုဖူလုံရေးရုံး ဦးစီးအရာရှိ ဦးတင့်ဇော်မြင့်က ပေးအပ်ရာ ကျန်ရစ်သူမိသားစုများက လက်ခံရယူခဲ့ကြောင်း သိရသည်။  

ခရိုင်(ပြန်/ဆက်)