၉ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ သစ်ပင်ရှည်ကျေးရွာ (အရှေ့ပိုင်း)တွင် အင်ဂျင်ဝိုင်ချက်ကန် မီးလောင်နေကြောင်း သတင်းရရှိသဖြင့် မြင်းခြံခရိုင် မီးသတ်စခန်းမှ မီးငြိမ်းသတ်ယာဉ် (၃)စီးနှင့် မီးသတ်ရေသယ်ယာဉ် (၂)စီး၊ မြင်းခြံမြို့နယ် မီးသတ်စခန်းနှင့် နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ် (၄)စီးဖြင့် ထွက်ခွာငြိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီခွဲ အချိန်တွင် မီးငြိမ်းကြောင်း သိရသည်။

 

အလားတူ နံနက် ၂ နာရီ မိနစ် ၅၀  အချိန်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့၊ ကညင်ကောက်ကြီးကျေးရွာအုပ်စု၊ ရွာသစ်ကုန်းကျေးရွာအနီး၊ ရန်ကုန်- ပုသိမ်ကားလမ်း၊ မိုင်တိုင်အမှတ် (၃၃/၃)နှင့် (၃၃/၄)အကြားတွင် ဂတ်စ်ပိုက်လိုင်းပေါက်၍ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ညောင်တုန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဆားမလောက်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၂၅ မိနစ် တွင် မီးငြိမ်းသွားသည်။

 

အဆိုပါ မီးလောင်မှုကြောင့် ကုက္ကိုပင်(၁)ပင်၊ နွားတင်းကုပ်(၁)လုံးနှင့် နေအိမ်(၁)လုံး မီးလောင်ခံရပြီးနှင့် အမျိုးသားငါးဦး၊အမျိုးသမီး ငါးဦး တို့ မီးဟပ်ဒဏ်ရာများရရှိပြီး အမျိုးသား သုံးဦးမှာ  စိုးရိမ်ရသဖြင့် မအူပင်မြို့နယ် ပြည်သူဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဦးစီးဌာနမှ သိရသည်။

MDN

Photo-Myanmar Fire Service Department