မြင်းခြံ ၂၅ မေ
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း များ ပြန်လည် ဖွင့်လှစ်နိုင်ရေး စီစစ်ချက်များ ပြုစုနေမှုကို မေလ ၂၅ ရက် နံနက် ၁၀ နာရီမှ စတင်ကာ မြင်းခြံမြို့နယ် ပညာရေးမှူးရုံးတွင် ပြုစုလျှက်ရှိကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပညာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များကို ကျောင်းအုပ်များကိုယ်တိုင် အချက်အလက်များ ဖြည့်သွင်းပြီး စိစစ်ချက်များကို ပညာရေးဝန်ကြားဌာနသို့ပေးပို့ကာ အခြေခံပညာကျောင်းများ အနေဖြင့် လိုအပ်ချက်များ ရှိပါက ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် စီစစ်ချက်များ ကောက်ခံရခြင်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းထံမှ သိရှိရသည်။
မြင်းခြံမြို့နယ်တွင် အ.ထ.က ၁၂ ကျောင်း၊ အ.ထ.က(ခွဲ) ၂၀ ကျောင်း၊ အ.လ.က ၆ ကျောင်း၊ အ.လ.က(ခွဲ) ၁၂ ကျောင်း၊ မူလွန် ၂၆ ကျောင်း၊ အ.မ.က ၁၁၇ ကျောင်း၊ အ.မ.က(ခွဲ) ၁ ကျောင်း စုစုပေါင်း အခြေခံပညာကျောင်း ၁၉၄ ကျောင်းရှိကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)


