မြင်းခြံ ၂၆ ဇွန်
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်း ၈ ကျောင်း အဆင့်တိုးဖွင့်လှစ်ခွင့်ရရှိကြောင်း မြို့နယ်ပညာရေးမှူး ဦးခင်မောင်သန်းထံမှ သိရှိရသည်။
အဆင့်တိုး ဖွင့်လှစ်ခွင့်ရရှိသည့်ကျောင်း ၈ ကျောင်းတွင် အခြေခံပညာ အလယ်တန်း ကျောင်း(ခွဲ)မှ အခြေခံပညာ အလယ်တန်းကျောင်းအဖြစ် တည်ပင်ကျေးရွာ၊ ပျိုးကန်ကျေးရွာ၊ အခြေခံ မူလတန်း လွန်ကျောင်းမှ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကျောင်းအဖြစ် လယ်သစ်ကျေးရွာ၊ အခြေခံပညာ မူလတန်းကျောင်းမှ အခြေခံပညာ မူလတန်းလွန်ကျောင်းအဖြစ် ထိန်ပန်းကျေးရွာ၊ သပြေသာ ကျေးရွာနှင့် ကျောင်းဖြူကန်ကျေးရွာ၊ ကိုယ့်အားကိုကိုး မူလတန်းကျောင်းမှ အခြေခံပညာ မူလတန်း ကျောင်း(ခွဲ)အဖြစ် ရှားကုန်းကျေးရွာနှင့် ဒေါင့်သစ်ကျေးရွာများ အဆင့်တိုးဖွင့်လှစ်ခွင့်ရရှိခဲ့ ကြောင်း သိရှိရသည်။
မြင်းခြံမြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၁၉၆ ကျောင်း ရှိကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)


