မြင်းခြံ ၁၅ ဇန်နဝါရီ
ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျှော့ပေါ့ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးခြင်း (Kaeru Caravan) အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ယနေ့နံနက် ၉နာရီက ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အခမ်းအနားတွင် အမျိုးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်က အဖွင့်အမှာ စကားပြောကြားခဲ့ပြီး မြင်းခြံမြို့နယ် မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်က သဘာဝဘေးအန္တရာယ် ကျရောက်ပါက ပြုလုပ်ရမည့် လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင်နှင့်အဖွဲ့က မီးဘေးအန္တရာယ် နှင့် သဘာဝဘေး အန္တရာယ်ကျရောက်ပါက လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်များကို လက်တွေ့ ကွင်းဆင်းသရုပ်ပြခြင်း၊ ရှင်းလင်းခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးအောင်မျိုးလတ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်၊ ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းစိုးလင်း၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ကိုသန့်၊ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုစုပေါင်း အင်အား (၃၀ဝ) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ကျော်စွာ(မြင်းခြံ)