မြင်းခြံမြို့နယ်တွင် လင်မယားချင်းစကားများခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ကာ ခင်ပွန်းဖြစ်သူမှ နေအိမ်မီးရှို့မှုဖြစ်ပွား

နေပြည်တော် ၁၉ ဖေဖော်ဝါရီ 

 

ဖေဖော်ဝါရီ ၁၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၅) ရပ်ကွက်တွင် လင်မယားချင်း စကားများရန်ဖြစ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူမှ မကျေမနပ်ဖြစ်ကာ နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါရပ်ကွက်နေ ကျော်မျိုးအောင် (၃၃)နှစ်သည် ယင်းနေ့ မွန်းလွဲပိုင်းက ၎င်း၏ ဇနီးဖြစ်သူ မပွင့်ဝါကျော် (၂၉)နှစ်နှင့် စကားများရန်ဖြစ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ကာ နေအိမ်အား မီးရှို့ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ရပ်ကွက်နေပြည်သူများ၏ ဝိုင်းဝန်းငြှိမ်းသတ်မှုကြောင့် မီးငြိမ်းသွားကြောင်းနှင့် ကျော်မျိုးအောင်အား မြင်းခြံမြို့မရဲစခန်း (ပ)၁၀၄/ ၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၄၃၆ ဖြင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 

MDN