နေပြည်တော် ၂၄ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ နထားကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ယမန်နေ့ နံနက်ပိုင်းက မြင်းခြံမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် မြင်းခြံမြို့မရဲစခန်းမှူး ဒုတိယရဲမှူး ရဲရန်အောင် ဦးစီးသည့် တပ်ဖွဲ့ဝင်များက ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း(၈၀)ဦးခန့်အား မှုခင်းကျဆင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး မိဘအုပ်ထိန်းသူများ သိသင့်သိထိုက်သည့် အချက်များ၊ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်းကမ်း ဆိုင်ရာသိသင့်သိထိုက်သည့် အချက်များအား ပညာပေးဟောပြောကြောင်း ရဲပြန်ကြားမှ သိရသည်။
MDN


