မြင်းခြံ ၂၀ ဇွန်
ဇွန် ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းအဆင့် စာစီစာကုံး ပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက် ၉ နာရီတွင် ကျင်းပခဲ့သည်။

ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြင်းခြံခရိုင် ခရိုင်ဦးစီးမှူး ဒေါ်နန်းမြင့်က အပြည်ပြည်ဆိုင်ရာအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုပြိုင်ပွဲတွင် မူးယစ်ဆေးဝါးအန္တရာယ်နှင့် မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပွားတတ်သော နောက်ဆက်တွဲရောဂါများအကြောင်းနှင့် ပြိုင်ပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲအမှတ်ပေးဒိုင် တစ်ဦးဖြစ်သည့် Book Club အသင်း ဥက္ကဌ ဦးအောင်သန်းက အမှတ်ပေး စည်းမျဉ်းများ ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် မြင်းခြံမြို့ အခြေခံပညာအထက်တန်းကျောင်း ၄ ကျောင်း ၊ ကိုယ်ပိုင်ကျောင်း ၂ ကျောင်းနှင့် အလယ် တန်းကျောင်း(ခွဲ) (၂)ကျောင်းမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၇ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဇွန်လ ၂၅ ရက်တွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။
MDN